အမေရိကန်နိုင်ငံရေးသမားများသည် သိပ္ပံနည်းကျသော အသံများကိုနားထောင်သင့်သည်

(GMT+08:00)2023-01-07 17:15:20  

"ဒါဟာ ဗိုင်းရပ်စ်ပြန့်ပွားမှု ကန့်သတ်ရန် အသုံးမဝင်ရုံတင်မကဘူး၊ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှုကို အပြည့်အဝ အကဲဖြတ်ရန်လည်း  အထောက်အကူဖြစ်မှာ မဟုတ်ဘူး။" ဟု ၆ ရက်နေ့တွင် အမေရိကန် ကပ်ရောဂါဆိုင်ရာအဖွဲ့ (IDSA) က ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တရုတ်ခရီးသည်များအပေါ် အမေရိကန်၏ ဝင်ရောက်မှု ကန့်သတ်ချက်နှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများ ထုတ်ဖော်ခဲ့သည်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးသည် သိပ္ပံနည်းကျစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် တရုတ်ခရီးသွားများကို ကန့်သတ်ထားသော အမေရိကန်မူဝါဒသည် ဆန့်ကျင်ဘက်ဖြစ်သည်။

ကပ်ရောဂါကြိုတင်ကာကွယ်ရေးအစီအမံ ရှုထောင့်မှကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါ၏အစောပိုင်းအဆင့်တွင် အမေရိကန်သည် တရုတ်နိုင်ငံသားများ ဝင်ရောက်ရန် ကန့်သတ်သည့် သက်ဆိုင်ရာအစီအမံများကို ချမှတ်ခဲ့ပြီး ရလဒ်အနေဖြင့် WHO မှ သတိပေးချက်များကို လျစ်လျူရှုခြင်း၊ လျော့ရဲသော ကပ်ရောဂါ ကာကွယ်ခြင်း စသည်တို့ကြောင့် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါ လျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်တွင် ကူးစက်မှု အများဆုံးနှင့် သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ သိပ္ပံနည်းကျ သော ကပ်ရောဂါ ကာကွယ်ရေး အစီအမံများ မရှိလျှင် ခရီးသွားလာမှု ကန့်သတ်ချက် တစ်ခုတည်းသည် ကပ်ရောဂါ ကာကွယ်ရေးအပေါ် သက်ရောက်မှု မရှိကြောင်း သက်သေပြရန် လုံလောက်ပါသည်။

ဗိုင်းရပ်စ်ခွဲခြမ်းစိတ်ဖြာမှုအရ တရုတ်နိုင်ငံတွင် လက်ရှိပျံ့နှံ့နေသော အဓိက ဗိုင်းရပ်စ်သည် ယခင်က ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်တွင် ကိုဗစ်-၁၉ကူးစက်ခံရသူ၏ ၄၀ ရာခိုင်နှုန်းကျော်သည် xbb.1.5 ပိုးကြောင့်ဖြစ်ပြီး ပြန့်ပွားမှုအများဆုံးသောမျိုးကွဲအသစ်ဖြစ်လာသည်။ ထို့ကြောင့် မျိုးကွဲအသစ်များကို တားဆီးရာတွင် အမေရိကန်မှ သယ်ဆောင်လာသော ကပ်ရောဂါအန္တရာယ်ကို တရုတ်နိုင်ငံက ကာကွယ်မည်ဟုပြောလျှင်ပိုမှန်သည်။

အမေရိကန်၏ လက်ရှိကျင့်သုံးမှုသည် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် တရုတ်နိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး လူမျိုးရေးခွဲခြားသည့်မူဝါဒဖြစ်ကြောင်း New York Times မှ ၅ ရက်နေ့၌ ဖေါ်ပြခဲ့သည်။

အမေရိကန် နိုင်ငံရေးသမားများသည် အကယ်၍ သိပ္ပံနည်းကျတဲ့လမ်းကို မလျှောက်ပဲ ဆန့်ကျင်ရေးလမ်းတွင် တလျှောက်လုံး လျှောက်သွားနေမည်ဆိုလျှင် ယင်းသည် အမေရိကန်ပြည်သူအပေါ် ပြစ်မှုကျူးလွန်မှုဖြစ်ပြီး သိပ္ပံပညာအရ အပြစ်ပေးခံရမှာ ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။