ရုရှားသည် အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာပြီး ရုရှားနှင့် ယူကရိန်းတို့ ဆက်လက်တိုက်ခိုက်နေခြင်းအားအပြန်အလှန် စွပ်စွဲ

(GMT+08:00)2023-01-07 17:15:40  

   ရုရှားသမ္မတ ပူတင်၏ အမိန့်အရ မော်စကိုစံတော်ချိန် ဇန်နဝါရီလ ၆ ရက်နေ့ ၁၂ နာရီမှစပြီး ရုရှားစစ်တပ်သည် ရုရှားနှင့် ယူကရိန်းတပ်များအကြား ထိတွေ့ရာနေရာတွင် အပစ်အခတ်ရပ်စဲနေပြီဖြစ်ကြောင်း၊ သို့သော် ရုရှားဘက်မှ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းဘက်သည် လူနေရပ်ကွက်နှင့် ရုရှားစစ်တပ် ချထားသည့်နေရာများအား အမြှောက်များဖြင့် ဆက်လက် ပစ်ခတ်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ဇန်နဝါရီလ ၆ ရက်နေ့က ဆိုပါသည်။

        ဒေသစံတော်ချိန် ၆ ရက်နေ့ မွန်းလွဲပိုင်းက ယူကရိန်းနိုင်ငံ တစ်ဝှမ်းတွင် လေကြောင်းရန် ကာကွယ်ရေး အချက်ပေးသံ မြည်ပြီး ရုရှားစစ်တပ်သည် အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် ဆောင်ရွက်ခဲ့သည် မဟုတ်ကြောင်း ယူကရိန်းသမ္မတရုံးမှ အတိုင်ပင်ခံပုဂ္ဂိုလ် ပိုဒိုလျပ်က ဆိုပါသည်။ ယူကရိကန်းသမ္မတ ဇီလန်စကီက  အပစ်အခတ်ရပ်စဲရေး မလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။