ကုန်းမြေရေခဲမြစ်များ၏ တစ်ဝက်မှ ၇၀ရာခိုင်နှုန်းနီးပါးသည် ဤရာစုတွင် အရည်ပျော်သွားမည်

(GMT+08:00)2023-01-07 17:16:26  

အမေရိကန်"Science" ဂျာနယ်မှ ယခုလ ၅ ရက်နေ့က ထုတ်ဝေခဲ့သော သုတေသနအစီရင်ခံစာအရ လက်ရှိကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာမှုအခြေအနေအရ ဤရာစုနှစ်အကုန်မှာ ကမ္ဘာ့ကုန်းမြေရေခဲမြစ်များ၏ ၇၀ရာခိုင်နှုန်းနီးပါးသည် အကုန်အရည်ပျော်သွားမည်ဖြစ်ကြောင်း၊ ၁.၅ဒီဂရီစင်တီဂရိတ်သာ ပူနွေးစေသည့် ရည်မှန်းချက်ကောင်းကို အောင်မြင်တောင်မှ ရေခဲမြစ်အားလုံး၏ ထက်ဝက်နီးပါး ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း သိရပါသည်။