အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မဲခွဲဆုံးဖြတ်ရန် ခက်ခဲနေ

(GMT+08:00)2023-01-06 14:30:41  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲသည် ယခုလ ၄ ရက်နေ့ ညနေ ပိုင်းက ၃ ကြိမ် တိတိ မဲခွဲခဲ့သော်လည်း အနိုင်ရသူမသိရသေးဟု သိရပါသည်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  မဲခွဲဆုံးဖြတ်ရန် ခက်ခဲခြင်းဟူသော သမိုင်းဝင် နိုင်ငံရေး လိပ်ခဲတည်းလည်းအခြေအနေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ အမေရိကန် အောက် လွှတ်တော်သည် ထိုနေ့ညက အစည်းအဝေးကို ထပ်မံရပ်နားပြီး လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ၅ ရက်နေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပမည်ဟု ခန့်မှန်းရပါသည်။