တရုတ်-လာအို မီးရထားလိုင်းတွင် ခရီးသည် ၉ သန်းကျော် ပို့ဆောင်

(GMT+08:00)2023-01-06 13:15:12  

        တရုတ်-လာအို မီးရထားလိုင်း စတင် ဖွင့်လှစ်သည့် တစ်နှစ်ကျော်ကာလ အတွင်းမှာ ရထားလမ်းတစ်လျှောက်နေထိုင်သူများ ခရီးသွားလာမှု များစွာ အဆင်ပြေစေသည့်အတွက် နှစ်သက်မှုခံရကြောင်း၊ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အဆင့်သစ်သို့ ရောက်ရှိပြီးနောက် ခရီးသွားလာမှု၊ ဆွေမျိုးများလာရောက်လည်ပတ်မှုလည်း များပြားလာပြီး တရုတ်-လာအို ရထားလိုင်း ခရီးသည်ဦးရေလည်း များပြားလာကြောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ  ခရီးသည်  ၉ သန်းကျော် ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း China Railway ကူမင်းအုပ်စုခွဲမှ သတင်းအရ သိရပါသည်။