နွေဦးပွဲတော်မှာ ခရီးသွားလာဖို့ ကျည်ဆန်ရထားများအသင့်

(GMT+08:00)2023-01-06 13:13:37  

၂၀၂၃ ခုနှစ်ရဲ့ နွေဦးပွဲတော်ရောက်ရန် နီးကပ်လာသလို ခရီးသွားဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ တရုတ်ရထားလမ်း ချင်တူးကုမ္ပဏီလီမိတက်ကလည်း ပြုပြင်ထိန်းသိမ်းမှုပြီးသည့် ကျည်ဆန်ရထားများ စုစည်းထားကာ နွေဦးပွဲတော်ကြိုဆိုရန် သယ်ယူပို့ဆောင်မှုအတွက် အသင့်ဖြစ်နေပါပြီ။ လောလောဆယ် ချင်တူးကျည်ဆန်ရထားအပိုင်းတွင် ခရီးသည်တင်ကျည်ဆန်ရထား အမျိုးအစား ၈ မျိုးနဲ့ စုစုပေါင်း ၁၅၅ စီး ရှိပြီး ၎င်းတို့အားလုံးကို နွေဦးပွဲတော် ပွဲတော်ရက်ကာလအတွင်း  အသုံးပြုလည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။