Nord Streamဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုသည် အဖျက်အမှောင့်ကြောင့်ဖြစ်သည်ဟု အီယူဆို

(GMT+08:00)2023-01-06 14:33:07  

ဒေသစံတော်ချိန် ယခုလ ၅ရက် နေ့လယ်က ဥရောပသမဂ္ဂကော်မရှင်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Nord Stream သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆွီဒင်၏ လေ့လာတွေ့ရှိချက်များအရ အီယူသက်ဆိုင်ရာ တာဝန်ရှိသူသည် ပိုက်လိုင်းပေါက်ကွဲမှုက အဖျက်အမှောင့်ကြောင့်ဖြစ်သည်ဟု အတည်ပြုသတ်မှတ်၍ သက်ဆိုင်ရာလေ့လာမှုများ ဆက်လက်ဆောင်ရွက်နေသေးကြောင်း သတင်းအရ သိရပါသည်။