တရုတ်နိုင်ငံသည် ကပ်ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းအား ပွင့်လင်းမြင်သာမှု ရှိရှိ မျှဝေခဲ့သည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-01-06 13:12:10  

တရုတ်နိုင်ငံသည် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပွင့်လင်းမြင်သာမှုရှိသော သဘောထားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား သက်ဆိုင်ရာအချက်အလက်များကို မျှဝေခဲ့ပြီး မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရာ များကိုလည်း ပထမဆုံးမျှဝေပြီး နိုင်ငံအသီးသီးမှာ သက်ဆိုင်ရာ ကာကွယ်ဆေးနှင့် ဆေးဝါး သုတေသနပြုရေးအတွက် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ၅ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။