Ferdinand Romualdez Marcos ၏ တရုတ်ခရီးစဉ်မှာ ခေတ်သစ်တွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အကျိုးကျေးဇူးများစွာ ဆောင်ကျဉ်းပေးမည် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-01-06 14:26:30  

      ဇန်နဝါရီလ ၅ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဖိလစ်ပိုင်နိုင်ငံသမ္မတ Ferdinand Romualdez Marcos ၏ တရုတ်ခရီးစဉ်မှာ ယခုနှစ် တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုအတွက် ကောင်းမွန်သောအစပြုမှု ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အကျိုးကျေးဇူးများစွာ ဆောင်ကျဉ်း ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယခုအကြိမ်တရုတ်ခရီးစဉ်မှာ Ferdinand Romualdez Marcos သည် ဖိလစ်ပိုင်နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ်ခရီးစဉ် ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှအပ တရားဝင် သွားရောက်လည်ပတ်ခဲ့သည့် ပထမဆုံးသောနိုင်ငံလည်း ဖြစ်ကြောင်း၊ Ferdinand Romualdez Marcos သည် ၂၀၂၃ခုနှစ် နှစ်ဆန်းတွင် တရုတ်နိုင်ငံမှ လက်ခံခဲ့သည့် ပထမဦးဆုံး နိုင်ငံခြားထိပ်သီးခေါင်းဆောင်လည်း ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယခုအကြိမ်ခရီးစဉ်ကို အလွန်အလေးထားကြကြောင်း၊ အစဉ်အလာချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး ခင်မင်ရင်းနှီးသော ဆက်ဆံမှုကို မြှင့်တင်ကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့၍ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တိုးတက်စေလိုသည်ဟု နှစ်ဦးနှစ်ဖက်တို့က သဘောတူညီမှုများ ရရှိခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။