ရှီကျင့်ဖိန်သည် တပ်မင်နစ္စတန်သမ္မတနှင့် တွေ့ဆုံ

(GMT+08:00)2023-01-06 14:21:00  

    ဇန်နဝါရီလ ၆ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်ပြည်သို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော တပ်မင်နစ္စတန်သမ္မတ Serdar Berdimuhamedovနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်တို့သည် တရုတ်-တပ်မင်နစ္စတန် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်လာသည်ဟု ကြေညာခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။