ပြင်သစ်သည် ယူကရိန်းအား တင့်ကားများ ထောက်ပံ့ပေးသည့် ပထမဆုံး အနောက်နိုင်ငံ ဖြစ်လာမည်

(GMT+08:00)2023-01-06 14:31:06  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ ရက်နေ့က ပြင်သစ်သမ္မတ မာကရွန်က ယူကရိန်းသမ္မတ ဇီလျန်စကီ နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည် ယူကရိန်းအား တင့်ကားများ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် ယူကရိန်းအား ယင်းလက်နက်များ ထောက်ပံ့ပေးမည့် ပထမဆုံး အနောက်တိုင်းနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြသည်ဟု AFPသတင်းဌာနမှ သတင်းအရ သိရပါသည်။

ယူကရိန်း အကျပ်အတည်း ဖြစ်ပွားပြီးသည့်နောက်ပိုင်း ပြင်သစ်နိုင်ငံသည် ခေတ်မီအမြောက်များ၊ သံချပ်ကာကားများ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးခဲ့ပါသည်။ သို့သော် ရုရှား ဒေါသထွက်မည်ကို စိုးရိမ်မိသောကြောင့် မာကရွန်သည် ယူကရိန်းစစ်တပ်အတွက် စွမ်းဆောင်ရည်မြင့် စက်ကိရိယာများ ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့ခြင်း မရှိကြောင်း သတင်းရရှိပါသည်။