အမေရိကန်က ယူကရိန်းသို့ Bradley တိုက်ခိုက်ရေးယာဉ် ပေးရန်စဉ်းစား

(GMT+08:00)2023-01-06 14:32:36  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ရက်နေ့က အမေရိကန်သမ္မတဘိုင်ဒန်သည် အမေရိကန်က ယူကရိန်းသို့ Bradleyတိုက်ခိုက်ရေးယာဉ် ပေးအပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး အသေးစိတ်အခြေအနေများကို ပြောကြားခဲ့ခြင်းမရှိကြောင်း အမေရိကန်မီဒီယာသတင်းများအရ သိရပါသည်။

ရုရှားနှင့် ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်သည် ယူကရိန်းသို့ အမေရိကန်ဒေါ်လာ ဘီလီယံ၁၀နှင့်ချီသော လက်နက်ပစ္စည်းများကို ပေးအပ်ပြီးဖြစ်ကြောင်း၊ နှစ်သစ်တွင် အမေရိကန်က ယူကရိန်းသို့ ကူညီထောက်ပံ့ရေးဆက်လက်တိုးမြှင့်ပြီး ပိုမိုပြင်းထန်သော တာဝေးပစ် လက်နက်များတောင် ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ရပ်သည် ပဋိပက္ခဖြစ်ပွားမှုကို ကာလကြာရှည်စေသဖြင့် ရုရှားက အမေရိကန်ကို အကြိမ်ပေါင်းများစွာ ပြစ်တင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။