နှစ်သစ်ကာလ စစ်သည်များ၏ လေ့ကျင့်မှု

(GMT+08:00)2023-01-06 13:17:26  

ယခုလ ၃ ရက်နေ့က ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၇၀၀ရှိတဲ့ တရုတ်လာဆာလေ့ကျင့်ရေးစခန်းရှိ ရှီးဇန့်စစ်နယ်တပ်မဟာတစ်ခုမှာ ရဟတ်ယာဉ် ပုံစံမျိုးစုံ တစ်စင်းပြီးတစ်စင်းကောင်းကင်ပေါ်ကို ပျံတက်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ တိုက်ပွဲနယ်မြေဆီကို ပျံသန်းခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်အစမှာ သဲကန္တာရဒေသ ကမ်းရိုးတန်းတစ်လျှောက် နှင်းတွေဖုံးလွှမ်းနေတဲ့ကုန်းမြင့်ဒေသကနေ တောင်တန်းများကြားသစ်တောထူထပ်ရာအထိ၊ တရုတ်နိုင်ငံတစ်ပြည်လုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က နှစ်သစ် စစ်ရေးလေ့ကျင့်မှု တွေကို ခွန်အားအပြည့်နဲ့ လေ့ကျင့်နေကြပါတယ်။