ထျန်ကျင်းမြို့၏ “ဆား-အလင်းရောင် အပြန်အလှန် ဖြည့်ဆည်းမှု” နေရောင်ခြည်စွမ်းအင် လုပ်ငန်း

(GMT+08:00)2023-01-06 14:34:51  

ယခုတလော တရုတ်တည်ဆောက်ရေး တတိယမြောက်အင်ဂျင်နီယာဗျူရိုဂရု လီမိတက်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် ထျန်ကျင်း ဟွာတျန့်ဟိုင်ကျင်း “ဆား-အလင်းရောင် အပြန်အလှန်ဖြည့်ဆည်းမှု” နေရောင်ခြည်စွမ်းအင်လုပ်ငန်း တည်ဆောက်မှု တဖြည်းဖြည်းတိုးတက်လာနေကြောင်း၊ ယင်းလုပ်ငန်းကို ဧပြီလတွင် တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းရပါသည်။

ယင်းလုပ်ငန်း၏ စက်တပ်ဆင်မှုပမာဏသည် ၁၀၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တည်ဆောက်ပြီးစီး ပြီးနောက် “ရေပေါ်တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး ရေမျက်နှာပြင်ပေါ်တွင် အငွေ့ပျံခြင်းဖြင့် ဆားရည်ထုတ်လုပ်ကာ ရေအောက်တွင် ရေထွက်ကုန်ပစ္စည်းကို မွေးမြူ”သော လုပ်ငန်းစနစ်ကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။