ဗြိတိန်စစ်ဘက်သည် တရားမဝင် သူလျှိုနည်းလမ်းဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြားဝင်ဆောင်ရွက်ဟု အမေရိကန် မီဒီယာ ဆို

(GMT+08:00)2023-01-06 14:30:10  

     ဗြိတိန်စစ်ဘက်သည် ထောက်လှမ်းရေးကုမ္ပဏီ "Anomaly Six" ကို အသုံးပြုပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ မိုဘိုင်းလ်ဖုန်းများမှ အချက်အလက်များကို တရားမဝင်ရယူ၍ ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြားဝင်ဆောင်ရွက်ကာ၊ စစ်ရေးတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုစသည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် ဝက်ဘ်ဆိုဒ် "Gray Zone" မှ ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ဖော်ခဲ့သည် ဟု China Media Group မှ သတင်းအရသိရပါသည်။

    သက်ဆိုင်ရာတရားဥပဒေအရ ဗြိတိန်စစ်ဘက်နှင့် ထောက်လှမ်းရေးအေဂျင်စီများ သည်  ယင်းအချက်အလက်များကို ကိုယ်တိုင်စုဆောင်းရန် ပိတ်ပင်ခြင်းခံရသည်ဟု သတင်းအရ သိရပါသည်။