အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် bomb cyclone တိုက်ခတ်

(GMT+08:00)2023-01-06 13:15:54  

ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် bomb cyclone တိုက်ခတ်ခဲ့ရာ ယင်းဒေသ နေရာအများစုမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါသည်။

bomb cyclone သည် သမုဒ္ဒရာပေါ်တွင် ဖြစ်ပွားပြီး အားအလွန်ကောင်းသော မုန်တိုင်းဖြစ်ကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းနှင့် ဆီးနှင်းများ ကျဆင်းနိုင်ပါသည်။