ဥရောပတိုက်မှ စိမ်းလန်းစိုပြေနေသည့် အဲလ်ပ် တောင် ဆီးနှင်းလျှောစီးအပန်းဖြေစခန်း

(GMT+08:00)2023-01-05 16:38:14  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ လယ်စင်တွင် ဆောင်းရာသီ အပူချိန်သည် ပုံမှန်ထက် မြင့်မားနေပြီး အဲလ်ပ် တောင် ဆီးနင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတွင် ဆီးနှင်းအတု အလွှာပါးပါးလေးသာရှိပါသည်။ ယခုနှစ် ဆောင်းရာသီတွင် ဥရောပမှ နေရာအချို့တွင် အပူချိန်သည် ပုံမှန်ထက် ပိုမြင့်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ ဒယ်လေမွန်မြို့တွင် ဇန်နဝါရီလ ၁ ရက်နေ့ အမြင့်ဆုံး အပူချိန်သည် ၂၀.၂ ဒီဂရီစင်တီဂရိတ်ရှိပြီး အဲလ်ပ် တောင် မြောက်ဘက်ခြမ်းရှိမြို့များတွင် ဇန်နဝါရီလ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ် တင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။