ဘောလုံးပွဲအခမ်းအနားတွင် စပါးနှင့်ငါး အထွက်ကောင်းရန်ဆုတောင်းကြ

(GMT+08:00)2023-01-05 11:04:04  

ဇန်နဝါရီလ ၃ ရက်နေ့က ဂျပန်နိုင်ငံ ဖူကူအိုကာ နတ်ကွန်းတစ်ခုမှာကျင်းပသည့် ဘောလုံးပွဲအခမ်းအနားတွင် စပါးနှင့်ငါး အထွက်ကောင်းဖို့ လူအများ ပါဝင်ဆုတောင်းခဲ့ကြပါသည်။ ကုန်းနှင့်ပင်လယ်ကိုကိုယ်စားပြုသော ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်ခဲ့ကြပါသည်။ ကုန်းကြောင်းအသင်းက အနိုင်ရလျှင် စပါးအထွက်ကောင်းပြီး ပင်လယ်အသင်းက အနိုင်ရလျှင် ငါးများများဖမ်းနိုင်မည်ဟုယုံကြည်ကြပါသည်။