ဖုန်လိယွမ်နှင့် ဖိလစ်ပိုင်သမ္မတ၏ ဇနီး Lisa တို့အတူ အမျိုးသားပြတိုက်သို့ သွားရောက်လည်ပတ်

(GMT+08:00)2023-01-05 16:35:24  

ယခုလ ၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ် နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ Marcos ၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်အတွင်း လိုက်ပါသည့် ဇနီး Lisa တို့သည် တရုတ်နိုင်ငံ အမျိုးသားပြတိုက်သို့ အတူတကွ သွားရောက် လည်ပတ်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရပါသည်။

Lisa သည်  အမျိုးသားပြတိုက်သို့ လာရောက်လည်ပတ်ရန်ဖိတ်ခေါ်သည့် အတွက် ဖုန်လိယွမ်အား ကျေးဇူးတင်ရှိပါကြောင်းဖော်ပြပြီး၊ ပြတိုက်တွင် ပြသထားသော လက်ရာမြောက်ပြီး တန်ဖိုးရှိသည့် စုဆောင်းမှုများကို ချီးကျူးကာ၊ တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည် ဟု သတင်းအရသိရပါသည်။