ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အမေရိကန်သည် သူခိုးလူဟစ် လုပ်နေ

(GMT+08:00)2023-01-05 16:36:31  

 အမေရိကန်သည် တရုတ်ပြည်တွင်း ကပ်ရောဂါ အခြေအနေကြောင့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အသစ် ဖြစ်ပေါ်လာကာ ကပ်ရောဂါ ကူးစက်ပြန့်ပွားရန် အန္တရာယ် ဖြစ်နိုင်ဖွယ်ရာရှိခြင်း ဆိုသည်ကို အကြောင်းပြုပြီး တရုတ်ပြည်မှ လာရောက်သော ခရီးသည်များအား ဝင်ရောက်ရန် ကန့်သတ်မှု ဆောင်ရွက်ချက်ကို ယခုလ ၅ရက်နေ့က စတင် ကျင့်သုံးခဲ့သည်။ သို့သော် ဗိုင်းရပ်စ်ကို လေ့လာသုံးသပ်မှု အဖြစ်မှန်မှ တစ်ဆင့် ကြည့်မည်ဆိုလျှင် လက်ရှိ တရုတ်ပြည်တွင် အဓိက ကူးစက် ပြန့်ပွားနေသည့် BA.5 မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သည် လွန်ခဲ့သည့် ၃-၄လတုန်းက အမေရိကန်တွင် အဓိက ကူးစက် ပြန့်ပွားနေသည့် ဗိုင်းရပ်စ်ပင် ဖြစ်ကြောင်း၊ တရုတ်ပြည် ရှန်ဟိုင်း၊ ဟန်ကျိုးတွင် မကြာခင် ရက်များက စစ်ဆေးတွေ့ရှိခဲ့သော XBB.1.5 မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သည် လက်ရှိ အမေရိကန်တွင် အဓိက ကူးစက် ပြန့်ပွားနေသည့် ဗိုင်းရပ်စ်ပင် ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် တရုတ်ပြည်သည် တစ်ကမ္ဘာလုံး ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု၏ ဒုက္ခခံရသူ ဖြစ်ပါသည်။ အမေရိကန်၏ အဖြစ်မှန်များကို လျစ်လျူရှုပြီး သိပ္ပံပညာကို ကျောခိုင်းသည့် လုပ်ရပ်သည် သူခိုးကလူဟစ် လုပ်နေသည့် နိုင်ငံရေး ကြံဖန်လီဆယ်မှု ဖြစ်ပါသည်။

XBB.1.5 မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကို အမေရိကန်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် အချိန်တွင် တရုတ်ပြည်သည် တင်းကျပ်သော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး မူဝါဒများကို ကျင့်သုံးနေသေး ပါသည်။ လက်ရှိ တရုတ်ပြည်တွင် အဓိက ကူးစက်ပြန့်ပွားနေသည့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်များသည် ယခင်က ကမ္ဘာ့ ဒေသ အသီးသီးတွင် ကူးစက်ပြန့်ပွားခဲ့ပြီ ဖြစ်သည်။ ကိုဗစ် ၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့လာသည်နှင့်အမျှ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်များ အဆက်မပြတ် ဖြစ်ပေါ်လာပြီး မည်သည့် ဒေသနှင့် နေရာမဆို မျိုးဗီဇပြောင်း ဗိုင်းရပ်စ် အသစ်များ ဖြစ်ပေါ်လာ နိုင်ဖွယ်ရာရှိပါသည်။ ထို့ကြောင့် အမေရိကန်မှ တရုတ်ပြည်ကို ရည်ရွယ်ပြီး ကျင့်သုံးသည့် ဝင်ရောက်မှု ကန့်သတ်ခြင်း အထူး မူဝါဒသည် သိပ္ပံပညာဆိုင်ရာ အထောက်အပံ့ မရှိသလို ကျင့်သုံးရန်လည်း မလိုအပ်ပေ။

အမေရိကန်သည် ကပ်ရောဂါ တိုက်ဖျက်ရေးကို နိုင်ငံရေး ကိစ္စ အဖြစ် အမြဲတစေ ပြုလုပ်ပြီး သက်ဆိုင်ရာ အပြစ်များကို သူများ အပေါ် လွှဲချလေ့ရှိသည်။ ယင်းလုပ်ရပ်မျိုးကြောင့် ကိုဗစ် ၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့ပြီး ကမ္ဘာတစ်ဝန်း ကပ်ရောဂါ တိုက်ဖျက်ရေး ဖြစ်စဉ်ကို နှောင့်နှေးစေခဲ့ပါသည်။ ကပ်ရောဂါ တိုက်ဖျက်ရေးကို နိုင်ငံရေး ကိစ္စ အဖြစ် ပြုလုပ်ခြင်းက ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို မတားဆီးနိုင်ပေ၊ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ကပ်ရောဂါ အကျပ်အတည်းမှ ရုန်းထွက်နိုင်သည်ဟု ၃နှစ်ကြာ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ရရှိသည့် အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိချက် သင်ခန်းစာများသည် ထပ်ခါတလဲလဲ သက်သေပြနေပါသည်။

အမေရိကန် အစိုးရမှ ယခုအကြိမ် တရုတ်ပြည် ခရီးသည်များအား ဝင်ရောက်မှု ကန့်သတ်ရေး ဆောင်ရွက်ချက် ကျင့်သုံးခြင်းသည် မှားယွင်းမှု ဖြစ်ပြီး တောင်ဘက်သွား မြောက်ဘက်ရောက် လုပ်ရပ် ဖြစ်ကာ အလကားပင် ဖြစ်ပါသည်။