တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲ သည် လူအုပ်တိုးမှုဖြစ်ပွားသည့်နေ့တွင် အပြင်သွားလည်ပြီး အရက်သောက်စားခဲ့ကြောင်းဝန်ခံ

(GMT+08:00)2023-01-05 11:03:45  

တောင်ကိုရီးယား အမျိုးသားရေးရာ စုံစမ်းစစ်ဆေးရေး အထူးကော်မတီသည် Itaewon လူအုပ်တိုးမှုနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယား အမျိုးသား ရဲတပ်ဖွဲ့ အေဂျင်စီ ဒါရိုက်တာချုပ် ယွန်ဟီဂိန် က အခင်းဖြစ်ပွားသော စနေနေ့ တွင် သူနှင့် သူ့သူငယ်ချင်းများက တောင်ပေါ်တက်ပြီး အရက်သောက်ဖို့ ထွက်သွားခဲ့ကြောင်း ဝန်ခံပါသည်။

အားလပ်ရက်များတွင် အရက်သောက်ခြင်းသည် တရားဝင်မဟုတ်သော်လည်း ဆိုးလ်မြို့၌ ထိုနေ့တွင် စုဝေးမှုသတိပေးချက်အများအပြား ထုတ်ပြန်ခဲ့ပြီး Halloween လှုပ်ရှားမှုတွင် လူအများအပြား အပြင်ထွက်ကြမည်ကို ရဲတပ်ဖွဲ့က ကြိုတင်သိရှိထားသင့်သည်ဟု Yonhap သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယွန်ဟီဂိန် က သူအရက်သောက်တာ ဘာမှမမှားဘူးလို့ ပြောကြားခဲ့ပြီး အတိုက်အခံ ပါလီမန်အမတ်များက သူ အရက်သောက်တာကို အပြစ်ရှာနေသည့်အတွက်လည်း မကျေမနပ်ဖြစ်နေပါသည်။