ရုရှားစစ်သားများ မိုဘိုင်းလ်ဖုန်းကို တရားမ၀င် အသုံးပြုသောကြောင့် တည်နေရာ ပေါက်ကြား

(GMT+08:00)2023-01-05 16:37:47  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၄ရက်နေ့ မိုးလင်းခါနီးတွင် ရုရှားစစ်ဖက်မှ Donetsk ဒေသ Makeyevka လူနေရပ်ကွက် အတွင်းရှိ ယာယီအခြေစိုက်စခန်းတစ်ခု ၁ရက်နေ့က ယူကရိန်းဘက်မှ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုခံခဲ့ရသောကြောင့် ရုရှားစစ်ဖက်တွင် သေဆုံးသူဦးရေ ၈၉ဦးအထိ တိုးလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယူကရိန်းစစ်တပ်သည် Donetskဒေသ Makeyevka ရှိ ရုရှားစစ်တပ်အား တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် တိုက်ခိုက်မှုကြောင့် ရုရှားဘက် သေဆုံးသူဦးရေသည် ရုရှားဘက်က ဖော်ပြသည်ထက်ပိုများပြီး ၄၀၀ခန့်ရှိကြောင်း ယူကရိန်းစစ်ဖက်မှ ၂ရက်နေ့က အတည်ပြုခဲ့ပါသည်။

ရုရှားစစ်ဖက်က စုံစမ်းစစ်ဆေးရေးအရ စစ်သည်များသည် စည်းကမ်းဖေါက်ဖျက်ပြီး မိုဘိုင်းလ်ဖုန်းများကို တရားမဝင် အသုံးပြုသောကြောင့် အခြေစိုက်ရာနေရာကို ပေါက်ကြားစေခဲ့ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအား ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။