ဗြိတိန်သည် Chagos ကျွန်းစု၏ ပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းပြီးနောက် Falkland ကျွန်းစု ပြဿနာကို မှန်ကန်စွာ ဆုံးဖြတ်သင့်

(GMT+08:00)2023-01-04 17:35:47  

မောရစ်ရှ နိုင်ငံ ဝန်ကြီးချုပ် Pravind Kumar Jugnauth က ဗြိတိန်နှင့် အငြင်းပွားနေသော Chagos ကျွန်းစု၏ အချုပ်အခြာ အာဏာ ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးပွဲစတင် ကျင်းပခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့က ကြေညာခဲ့ပါသည်။ ယင်းသည် Chagos ကျွန်းစုကို မောရစ်ရှ နိုင်ငံ ပြန်လည် ပိုင်ဆိုင်စေရန် တွန်းအားပေးခြင်း ဖြစ်စဉ် တရားဝင် စတင်သည့် သဘောဆောင်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း ပိုပြီး မျှော်လင့်သည့် အချက် တစ်ချက်မှာ ဗြိတိန်သည် Chagos ကျွန်းစု၏ ပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းပြီးနောက် Falkland ကျွန်းစု ပြဿနာကို မှန်ကန်စွာ ရှုမြင်ပြီး အာဂျင်တီးနား နိုင်ငံနှင့် သက်ဆိုင်ရာ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပရန် ဖြစ်သည်။

Falkland ကျွန်းစု ပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂ သက်ဆိုင်ရာ အတည်ပြု ဆုံးဖြတ်ချက်တွင် ရှင်းလင်းပြတ်သားသည့် သတ်မှတ်ချက် ရှိသောကြောင့် ဗြိတိန်သည် ၄င်းကျွန်းစုကို ဆက်လက် သိမ်းပိုက်ရန် အကြောင်းပြချက် လုံးဝမရှိပေ။ ကုလသမဂ္ဂ ဒီကိုလိုနိုင်းဇေးရှင်း (Decolonization) အထူး ကော်မတီသည် ဆုံးဖြတ်ချက် အကြိမ် ၃၀ကျော်ကို ထုတ်ပြန်ခဲ့ရာ ဗြိတိန် အစိုးရအား အာဂျင်တီးနားနှင့် ဆွေးနွေးပွဲ ကျင်းပရန် တိုက်တွန်းခဲ့ပါသည်။

ကိုလိုနီဝါဒသည် လူသား ယဉ်ကျေးမှု သမိုင်းကြောင်းတွင် အမာရွတ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် အာဂျင်တီးနား နိုင်ငံ အပေါ် အားပေးထောက်ခံမှုကို ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ လက်တင် အမေရိကနှင့် ကာရီဘီယန် ဒေသတွင်း နိုင်ငံ အားလုံးနီးပါးသည် Falkland ကျွန်းစု ပြဿနာနှင့် ပတ်သက်၍ အာဂျင်တီးနား၏ သဘောထား ရပ်တည်ချက်ကို အားပေးထောက်ခံကြပါသည်။ ဗြိတိန်သည် Chagos ကျွန်းစု၏ ပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းပြီးနောက် Falkland ကျွန်းစု ပြဿနာကို မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပ၍ Falkland ကျွန်းစုကို အာဂျင်တီးနားအား ပြန်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်နေကြပါသည်။