ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ တာဝန်ကို ထမ်းဆောင်သည့် Lula ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-01-03 16:55:05  

ဇန်နဝါရီလ ၂ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် Luiz Inácio Lula da Silva ထံသို့ သဝဏ်လွှာပေးပို့ပြီး၊ ၄င်းက ဘရာဇီးနိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင် ခြင်းအပေါ် ဂုဏ်ပြုခဲ့ပါသည်။

    ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်၊ ဘရာဇီး နှစ်နိုင်ငံတို့သည် ကမ္ဘာ့သြဇာလွှမ်းမိုမှု ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် အရေးကြီးသော ထွန်းသစ်စ ဈေကွက်များဖြစ်ကြပြီး၊ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်များအချင်းချင်းဖြစ်ကာ၊ ကျယ်ပြန့်သော ဘုံအကျိုးစီးပွား ရှိသကဲ့သို့၊ ဘုံဖွံ့ဖြိုးရေးတာဝန်ဝတ္တရားလည်း ထမ်းဆောင်ကြကြောင်း၊ တရုတ်-ဘရာဇီး သံအဆက်အသွယ် ထားရှိခဲ့သည့် ၄၈ နှစ်အတွင်း နှစ်ဦးနှစ်ဖက်တို့မှ အတူကြိုးပမ်းမှု ကြောင့် နှစ်နိုင်ငံဆက်ဆံမှုသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံကြီး များအကြားဆက်ဆံမှု၏ စံပြဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရ သည်။