Lula သည် ဘရာဇီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆို

(GMT+08:00)2023-01-02 16:22:57  

ဘရာဇီးသမ္မတသစ် Lula သည်  ဇန်နဝါရီလ ၁ ရက်နေ့က ဘရာဇီးလီးယား မြို့တော်တွင် တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။ ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ၌ Lula က အစိုးရသစ်သည် "စည်းလုံးညီညွတ်မှုနှင့် ပြန်လည်ထူထောင်မှု" တွင် အားဖြည့်ဆောင်ရွက် မည်ဟု ကတိပြုပြီး၊  ဘရာဇီးရင်ဆိုင်နေရသော အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းသွားမည်ဟု အလေးထားပြောကြားခဲ့ပါသည်။