ရှီကျင့်ဖိန် မှ Matamela Cyril Ramaphosa ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-01-01 17:36:08  

ဒီဇင်ဘာလ ၃၁ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် သည် Matamela Cyril Ramaphosa အား တောင်အာဖရိက အာဖရိကအမျိုးသားကွန်ဂရက်ဥက္ကဋ္ဌအဖြစ် အရွေးခံရခြင်းအတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီနှင့် တောင်အာဖရိက အာဖရိကအမျိုးသား ကွန်ဂရက်အကြား အစဉ်အလာချစ်ကြည်ရေး နက်ရှိုင်းပြီး ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှုများစွာရှိသဖြင့် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဖော်ပြခဲ့ပါသည်။