တရုတ်-ရုရှားထိပ်သီးခေါင်းဆောင်များ နှစ်သစ်ကူးသဝဏ်လွှာ အချင်းချင်းပေးပို့

(GMT+08:00)2023-01-01 17:35:22  

ဒီဇင်ဘာလ ၃၁ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတ ပူတင် တို့သည် နှစ်သစ်ကူးသဝဏ်လွှာကို အချင်းချင်းပေးပို့ခဲ့ကြပါသည်။

ရှီကျင့်ဖိန် သည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သမ္မတ ပူတင် နှင့် ရုရှားပြည်သူများအား နှုတ်ခွန်းဆက်သပြီး ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ရှီကျင့်ဖိန် က ၂၀၂၂ခုနှစ်မှာ ထူးခြားသောနှစ်တစ်နှစ် ဖြစ်ကြောင်း၊ အပြောင်းလဲ ကြီးပြောင်းလဲနေသည့် နိုင်ငံအခြေအနေ၊ ဆက်တိုက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ရောဂါနှင့် ရင်ဆိုင်ရာတွင် တရုတ်-ရုရှားဆက်ဆံမှု ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန် ကို ထိန်းသိမ်းလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

သမ္မတ ပူတင် သည် သမ္မတ ရှီကျင့်ဖိန် အား နှုတ်ခွန်းဆက်သပြီး ခင်မင်ရင်းနှီး သော တရုတ်ပြည်သူများအား သုခကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက် ပါသည်။

ထိုနေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန် နှင့် ရုရှားဝန်ကြီးချုပ် Mikhail Mishustin တို့သည်လည်း နှစ်သစ်ကူးသဝဏ်လွှာကို အချင်းချင်းပေးပို့ခဲ့ကြ ပါသည်။