辛甜

တရုတ်ဘာသာစကားကို လူတိုင်းအလွယ်တကူ သင်ယူနိုင်တယ်လို့ပြောလာသော မန္တလေးက ဆရာကြီးဦးစက်တီ

(GMT+08:00)2022-03-17 10:47:40  

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာကြီးဦးစက်တီဟာ  မန္တလေးမှာမွေး၊ မန္တလေးမှာကြီးပြင်းပြီး မန္တလေးမှာပဲ ပညာသင်ကြားခဲ့တဲ့ မြန်မာနိုင်ငံကိုချစ်တဲ့ မန္တလေးသားစစ်စစ် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးဦးစက်တီဟာ တရုတ်နိုင်ငံ တက္ကသိုလ်ကနေချီးမြှင့်တဲ့ တရုတ်ဘာသာစကားသင်ကြားရေး (Phd) ဘွဲ့ကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာကြီးဦးစက်တီကို ဖူကျင့်ဘုံကျောင်းကို တည်ထောင်သူအဖြစ် သိရှိသူများပြီး ဆရာကြီးတည်ထောင်ထားတဲ့ တရုတ်ဘာသာစကား သင်တန်းကျောင်းများဟာလည်း တရုတ်ဘာသာစကားသင်ကြားသင်ယူမှုမှာ အကောင်းဆုံးစင်တာဆုအဖြစ် ၅ ကြိမ်တိုင်တိုင် ရရှိထားပါတယ်။ ဆရာကြီးဦးစက်တီဟာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ အနာဂတ်အတွက် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အဓွန့်ရှည်ခိုင်မြဲစေဖို့ နှစ်နိုင်ငံယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် တရုတ်-မြန်မာ နှစ်နိုင်ငံဘာသာစကား သင်ကြားသင်ယူမှု ပြန့်ပွားစေဖို့အတွက် အဓိက ရည်ရွယ်လုပ်ဆောင် နေပါတယ်။ ဆရာကြီး ဦးစက်တီနဲ့ CRI ရဲ့ အင်တာဗျူး အပြည့်အစုံကို နားဆင်ကြည့်ပါဦးရှင်။