辛甜

ပြည်သူများ၏ နေထိုင်မှုအတွက် အာမခံပေးရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-03-08 14:09:58  

ပြည်သူများ၏ နေထိုင်မှုအတွက် အာမခံပေးရမည်ဟု ရှီကျင့်ဖိန်ဆို_fororder_为人民生活安康托底3-2

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်နေသော လယ်ယာစိုက်ပျိုးရေး၊ လူမှုသက်သာချောင်ချိရေးနှင့် လူမှုရေး အာမခံပေးရေး လုပ်ငန်းနယ်ပယ်များမှ ကော်မတီဝင်များ ပါဝင်ကြသော ပူးတွဲအဖွဲ့အစည်းအဝေးသို့ တက်ရောက်ရာတွင် လူမှုရေး အားမခံပေးခြင်း လုပ်ငန်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအား ဆက်တိုက် အားကောင်းစွာ ဆောင်ရွက်ပြီး လူမှုရေး အာမခံပေးရေး ကွန်ရက်ကို တည်ဆောက်ကာ ပြည်သူများ၏ နေထိုင်မှုနှင့် ဘေးကင်း၍ ကျန်းကျန်းမာမာရှိရန်အတွက် အာမခံ ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများ၏ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးနှင့် ဆေးကုရန်အတွက် စုဆောင်းသည့် ငွေကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ဆင်းရဲသူများကို အတိုင်းထက် အလွန် အာရုံစူးစိုက်ပြီး အရေးထားရမည် ဖြစ်ပြီး ၄င်းတို့အတွက် အခက်အခဲများကို ဖြေရှင်းပေးရန် ကူညီပေးသင့်ကြောင်း၊ အထူးဆင်းရဲသည့် ပြည်သူများ၏ ထူးခြားချက်နှင့် လိုအပ်ချက်အတိုင်း ဦးတည် ပစ်မှတ်ထား မူဝါဒ ကျင့်သုံးဆောင်ရွက်သင့်ကြောင်းပြောကြားသည်။

တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမားဆုံးသော လူမှုရေး အာမခံပေးခြင်း စနစ်ကို ထူထောင်ခဲ့ပြီ ဖြစ်သည်။