ရှီကျင့်ဖိန် သည် ပူတင် နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-12-31 14:27:19  

ဒီဇင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပီကင်းမြို့တွင် ရုရှားနိုင်ငံသမ္မတ ပူတင် နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန် က ရှုပ်ထွေးလှသော နိုင်ငံတကာအခြေအနေနှင့် ရင်ဆိုင်ရာ၌ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အချင်းချင်း၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များအဖြစ် ဆက်လက်ရပ်တည်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးကျေးဇူးများကို ဖန်တီးရန်၊ ကမ္ဘာ့ အတွက် ပိုမိုများပြားသော တည်ငြိမ်မှုကို ဆောင်ကျဉ်းရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ပူတင် က လက်ရှိ တင်းမာသော နိုင်ငံတကာနှင့်ဒေသတွင်းအခြေအနေမျိုး တွင် ရုရှား-တရုတ် ခေတ်သစ်ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု၏ အရေးပါမှု တစ်ဆင့်တက် မြှင့်တင်လာပြီး နိုင်ငံတကာဇာတ်ခုံပေါ်တွင် အရေးကြီးသော တည်ငြိမ်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။