နှစ်သစ်ကူးလက်ဖက်ရည်ပွဲကိုတရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာ ကော်မတီ ကျင်းပ

(GMT+08:00)2022-12-31 14:28:02  

ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီသည် ကော်မတီ၏ခန်းမဆောင်တွင် နှစ်သစ်ကူးလက်ဖက်ရည်ပွဲ ကို ကျင်းပခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် လက်ဖက်ရည်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန် က ၂၀၂၃ခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ စိတ်ဓာတ်ကို ဘက်စုံ အကောင်အထည်ဖော်ရန် ပထမဆုံးနှစ် ဖြစ်ကြောင်း၊ စတင်မှုသည် အလုံးစုံအခြေအနေနှင့် ဆက်စပ်နေပြီး  အနာဂတ်ကို ဆုံးဖြတ်ကြောင်း၊ မိမိတို့အနေဖြင့် တိုက်ပွဲဆင်နွှဲ ရန်စိတ်ဓာတ်ဖြင့် စိတ်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး ရှေ့ရှုချီတက်ကာ အစွမ်းကုန် ကြိုးပမ်းလုပ်ကိုင်သည့်စိတ်ဓာတ်ဖြင့် အနာဂတ်ကို ဖွင့်လှစ်ပေးရန်လိုကြောင်း၊ တစ်နှစ်ပတ်လုံး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်း ဆောင်ရွက်ပြီး ဒုတိယ နှစ်၁၀၀ကြိုးပမ်းဆောင်ရွက်ရေးရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ရန် ကောင်းမွန်သော အခြေခံအုတ်မြစ် ချပေးလိုကြောင်း အလေးထားပြောကြားခဲ့ပါသည်။