ဘက်အသီးသီးတို့သည် သိပံ္ပနည်းကျသောမူအရ နိုင်ငံအသီးသီးမှ လူဂ္ဂိုလ်များ လုံခြုံစွာ သွားလာမှုကို လက်တွဲ အာမခံပေးရန် မျှော်လင့်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-12-30 11:44:01  

   နိုင်ငံ တစ်ခုတလေက တရုတ်ခရီးသည်များအား ကူးစက်ရောဂါ စစ်ဆေးမှု ဆိုင်ရာ အပို ဆောင်ရွက်ချက်များ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင် နိုင်ငံများစွာတို့က တရုတ် နိုင်ငံသားများ ပြည်ဝင်ရေးဆိုင်ရာ ကူးစက်ရောဂါ စစ်ဆေးရေး ဆောင်ရွက်ချက်များကို ပြုပြင်မည် မဟုတ်ဟု ဖေါ်ပြခဲ့ကြသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် ယင်းအကြောင်းကိစ္စ အပေါ် ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ရှင်းလင်းဖေါ်ပြခဲ့ပြီ ဖြစ်ပြီး နိုင်ငံများစွာတို့က တရုတ် နိုင်ငံသားများ ပြည်ဝင်ရေးဆိုင်ရာ ကူးစက်ရောဂါ စစ်ဆေးရေး ဆောင်ရွက်ချက်များကို ပြုပြင်မည် မဟုတ်ကြောင်း ဖေါ်ပြခြင်းကို မိမိတို့ တွေ့ရှိ ခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် သိပံ္ပနည်းကျသောမူအရ နိုင်ငံအသီးသီးမှ လူဂ္ဂိုလ်များ လုံခြုံစွာ သွားလာမှုကို လက်တွဲ အာမခံပေးရန်၊နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ဖြန့်ဖြူးမှု ကွင်းဆက်ကို ထိန်းသိမ်းကာကွယ်ရန် မိမိတို့ မျှော်လင့်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။