အမေရိကန်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လူ ၆၉ ဦး သေဆုံး

(GMT+08:00)2022-12-30 12:11:08  

       မကြာခင်ရက်များအတွင်း အမေရိကန် ဒေသအချို့တွင် ဆောင်းရာသီမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အမေရိကန် ပြည်နယ် ၈ ခုတွင် လူ ၆၉ ဦးထက်မနည်း သေဆုံးနေပြီဖြစ်ကြောင်း အမေရိကန် CBSမှ သတင်းအရ သိရပါသည်။ ၄င်းတို့အနက် နယူးယောက်ပြည်နယ် ဘူဖာလိုဒေသသည် ဆောင်းရာသီမုန်တိုင်း အပြင်းထန်ဆုံးသော ဒေသဖြစ်ပြီး ဆီးနှင်းမုန်တိုင်းကြောင့် လူ ၃၈ ဦး သေဆုံးကြောင်း ရိုက်တာသတင်းဌာနမှ သတင်းအရ သိရပါသည်။