ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gyeonggidoပြည်နယ် Gwacheon မြို့ အမှတ် ၂ Gyeongin အဝေးပြေးလမ်းရှိ အသံလုံ လိုဏ်ခေါင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ ရှိခဲ့သည်။
ထိုနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ထရပ်ကားတစ်စီး အသံလုံ လိုဏ်ခေါင်းအတွင်းမှ ဖြစ်ကျော်သွားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မီတာ ရာနှင့်ချီသော အသံလုံ လိုဏ်ခေါင်း တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာဒေသတွင် ယာဉ်စုစုပေါင်း ၄၅ စီး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဌာနမှ သတင်းအရ သိရပါသည်။