ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ရန် အမျိုးမျိုးသော အစီအမံများကို လုပ်ဆောင်၊ တရုတ်နိုင်ငံ ဒေသအရပ်ရပ်သည် အဓိကဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးအတွက် အားဖြည့်လုပ်ဆောင်လျက်ရှိ

(GMT+08:00)2022-12-30 15:09:30  

ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရား၏ ဆေးဘက်ဆိုင်ရာပစ္စည်းများ ပံ့ပိုးပေးရေးအဖွဲ့သည် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး Wang Jiangping က Ibuprofen နှင့် acetaminophen အကိုက်အခဲပျောက်ဆေးများ၏ ထုတ်လုပ်မှုစွမ်းရည်မှာ များစွာတိုးမြင့်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နေ့စဉ် ထုတ်လုပ်နိုင်သောပမာဏမှာ ဆေးပြားပေါင်း ၂၀၂ သန်းအထိရှိပြီး နေ့စဉ်ထုတ်လုပ်မှုမှာ သန်း ၁၉၀  အထိရှိလာကာ ဒီဇင်ဘာလအစောပိုင်းနှင့် နှိုင်းယှဉ်ပါက နေ့စဉ်ထွက်ရှိမှုပမာဏမှာ ၄ ဆကျော်ရှိကြောင်း ပြောကြားပါသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ  စုစုပေါင်း Ibuprofen ဆေးပြား ၁၇၄ သန်း၊ acetaminophen ဆေးပြား သန်း ၆၀ နှင့် antigen detection reagents  ၅၅၁ သန်းတို့ကို ပြည်နယ်များအနှံ့ အဓိကနေရာများသို့ ခွဲဝေချထားပေးခဲ့သည်။ လက်ရှိတွင်၊ N95 မျက်နှာဖုံးထုတ်လုပ်သောကုမ္ပဏီအရေအတွက်သည် ဒီဇင်ဘာလအစောပိုင်းက ၅၀ မှ ယခု ၅၀၀ ကျော်အထိ တိုးလာခဲ့သည်။ ကုမ္ပဏီ၏နေ့စဉ်ထုတ်လုပ်မှုစွမ်းရည်သည် သန်း ၁၉၀ ကျော်ရှိပြီး လုံလောက်သောထောက်ပံ့မှုကိုအာမခံပေးနိုင်သည်ဟု သတင်းအရသိရပါသည်။