ယင်ချွမ်း-လန်ကျိုး မြန်နှုန်းမြင့်ရထား စတင် ပြေးဆွဲ

(GMT+08:00)2022-12-30 11:45:20  

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် D8937 မြန်နှုန်းမြင့် ရထားသည် နင်ရှာ့ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လန်ကျိုးမြို့ ရထားဘူတာမှ ကမ်စု ပြည်နယ် လန်ကျိုးမြို့သို့ ထွက်ခွာခဲ့ပြီး ယင်ချွမ်း-လန်ကျိုး မြန်နှုန်းမြင့်ရထား တရားဝင် စတင် ပြေးဆွဲ ပါပြီဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယင်ချွမ်း-လန်ကျိုး မြန်နှုန်းမြင့်ရထားလိုင်းသည် စုစုပေါင်း အရှည် ၄၃၁ ကီလိုမီတာ ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ခုတ်မောင်းနေသည်။ ယင်းရထားလမ်းသည် ရထားလိုင်း “ဒေါင်လိုက် ၈ လိုင်း အလျားလိုက် ၈ လိုင်း” ဖြစ်သည့် တရုတ် မြန်နှုန်းမြင့် ရထားလိုင်း ကွန်ရက်၏ အရေးကြီးသည့် အစိတ်အပိုင်းပင် ဖြစ်သည်ဟု သိရပါသည်။