ကမ္ဘာကြီး “မိုးသက်လေပြင်းပြောင်းလဲမှု”ဆိုးရွားလာသဖြင့် လူသားများကပူးပေါင်းရင်ဆိုင်ရမည်ဖြစ်

(GMT+08:00)2022-12-29 14:36:49  

၂၀၂၂ ခုနှစ်တွင် အစွန်းရောက်ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကတစ်ကမ္ဘာလုံးဒေသအသီးသီးတွင် မကြာခဏဖြစ်ပွားနေပြီးကမ္ဘာကြီးဂေဟအခြေအနေအတွက် သတိပေးလိုက်ပါသည်။

အမေရိကန်သိပ္ပံပညာရှင်ကမေလတွင် တစ်ကမ္ဘာလုံး၏လေထု၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ပြင်းအားသည် အမြင့်ဆုံမှတ်တမ်းသို့ရောက်ရှိနေပြီဖြစ်ကြောင်းစမ်းသပ်သိရှိခဲ့သည်။ တောင်ဝင်ရိုးစွန်းကုန်းမြေရေခဲပြင်၊ မြောက်ဝင်ရိုးစွန်း Greenland ရေခဲပြင်နှင့် ယူရေးရှားကုန်းမြေတောင်တန်းရေခဲမြစ်များသည်လည်းလျင်မြန်စွာအရည်ပျော်ပျောက်ကွယ်နေပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း၏ “၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးရာသီဥတုအခြေအနေ”ယာယီအစီရင်ခံစာအရယခုနှစ်တွင် ပြင်းထန်သောအပူလှိုင်း၊ မိုးခေါင်မှုနှင့် ဖျက်ဆီးသည့်အဆင့်ရှိရေဘေးအန္တရာယ်များကြောင့် လူသန်းချီထိခိုက်စေခဲ့ပြီးဖြစ်ကာအမေရိကန်ဒေါ်လာဘီလီယံချီတန်ဖိုးရှိသည့် ဘဏ္ဍာရေးဆုံးရှုံးမှု ဖြစ်ပွားစေပြီးဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုသည် လူသားအားလုံးရင်ဆိုင်နေရသည့် ဘုံခြိမ်းခြောက်မှုဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် ရာသီဥတုပြောင်းလဲမှုအားအတူတကွရင်ဆိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

သမိုင်းအရဆိုပါကဖွံ့ဖြိးပြီးနိုင်ငံ၏ စက်မှုလုပ်ငန်းဖော်ဆောင်မှုလုပ်ငန်းစဉ်သည် ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ သို့သော်လည်းအချို့သောဖွံ့ဖြိုးပြီးနိုင်ငံများကမိမိ၏ ယခင်ကဖန်လုံအိမ်ဓာတ်ငွေ့ အများအပြားစွန့်ထုတ်မှုသမိုင်းတာဝန်နှင့် ၎င်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ဖြစ်ပွားစေသည့် ဆုံးရှုံးမှုများကိုလျစ်လျူရှုကာဖွံ့ဖြိုးဆဲနိုင်ငံအများအပြား၏ စီးပွားရေး၊ စွမ်းအင် စသည့်ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်များနှင့် လက်တွေ့လိုအပ်ချက်များကိုမငဲ့ကွက်သည့်အပြင် စုစုပေါင်းကာဗွန်စွန့်ထုတ်မှုပမာဏသည် တစ်ကမ္ဘာလုံး၏ ၃% သာရှိသည့် အာဖရိကတိုက်ကိုပါ ကွဲပြားမှုမရှိဘဲတန်းတူကာဗွန်စွန့်ထုတ်မှုလျှော့ချသည့် လုပ်ငန်းတာဝန် ထမ်းဆောင်ရန် အဓိပ္ပာယ်ကင်းမဲ့စွာတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံကတူညီသော်လည်းကွာခြားမှုရှိသည့် တာဝန်ခံမှုမူဝါဒကိုလက်ကိုင်စွဲကာဖွံ့ဖြိုးတိုးတက်မှုမူဘောင်အတွင်း၌ ရာသီဥတုပြောင်းလဲမှုအားရင်ဆိုင်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအားဖော်ဆောင်ရန် အမြဲတစေခံယူထားပါသည်။

နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု (Multilateralism) ကိုအမြဲတစေကိုင်စွဲ၍ တရားမျှတ၍ သဘောတရားကျသော၊ အကျိုးတူပူးပေါင်းဆောင်ရွက်သောတစ်ကမ္ဘာလုံးဆိုင်ရာရာသီဥတုစီမံအုပ်ချုပ်မှုစနစ်ကိုအတူတကွတည်ဆောက်ရန် အဆိုပြုပါသည်။