
မသိနားမလည်တဲ့ ခွေးကလေးမှ အရည်အချင်းပြည့်မီတဲ့ "စစ်သည်တော်" အဆင့်သို့ ရောက်ဖို့အထိ လေ့ကျင့်မှုဟာ ပင်ပန်း ခက်ခဲကြောင်း ထင်ရှားတယ်။ စစ်ခွေးများကို စစ်မြေပြင်သို့ အရည်အချင်းပြည့်မီစွာ သွားနိုင်အောင် လေ့ကျင့်မှုအများကြီးလုပ်ရတယ်။ သူတို့ဟာ စစ်သည်များနဲ့ လက်တွဲပြီး သဘာဝဘေး ကယ်ဆယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး...စသဖြင့် တိုတောင်းတဲ့ ဘဝကို သူရဲကောင်းများရဲ့ အသွင်အပြင်ဖြင့် ပုံဖော်ကြတယ်။









