အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် F-35 တိုက်လေယာဉ် အချို့ ပျံသန်းခြင်းကို ရပ်ဆိုင်း

(GMT+08:00)2022-12-29 14:17:27  

    အမေရိကန် “ကာကွယ်ရေးသတင်း” သတင်းစာမှ ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်း ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် F-35 တိုက်လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန F-35 ပူတွဲ စီမံကိန်းရုံးသည် အန္တရာယ် ဖြစ်နိုင်ခြေ အသင့်အတင့်များသော F-35တိုက်လေယာဉ် အချို့ ပျံသန်းမှုကို အနည်းဆုံး လာမည့်နှစ် ဇန်နဝါရီလအထိ ရပ်ဆိုင်းသွားမည်ဟု အဆိုပြုခဲ့ကြောင်း၊ သို့သော် အသေးစိတ် ရပ်ဆိုင်းမည့် လေယာဉ်အရေတွက်ကိုမူ ဖေါ်ပြခြင်း မရှိကြောင်း၊ F-35 ပူတွဲ စီမံကိန်းရုံး၏ ပဏမာ အကဲဖြတ်မှုအရ ၁၅ ရက်နေ့ လေယာဉ် ပျက်ကျမှု၏ အကြောင်းရင်းသည် တွန်းအားစနစ်ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ကြောင်း သတင်းရရှိပါသည်။