"Bingdundun" ပြန်ရောက်ပါပြီ၊ယုန်နှစ် စပယ်ရှယ် (အထူး) ဖြစ်တဲ့ "Rabbit Dundun" ကို ထုတ်ဝေ

(GMT+08:00)2022-12-29 14:28:24  

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် "Bingdundun" ယုန်နှစ်စပယ်ရှယ်(အထူး) ဖြစ်သော "Rabbit Dundun" ကို ထုတ်ဝေခဲ့ပြီး ပီကင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်၏ လာဘ်ကောင်တွင် ပုံအသစ်တစ်ခု ထည့်သွင်းခဲ့သည်။ ဤထုတ်ကုန်အသစ် စီးရီးများသည် ပီကင်း၏ရိုးရာဓလေ့များရှိ ယုန်ဘိုးဘိုးရုပ်တုကို အခြေခံထားခြင်းဖြစ်သည်။ ပွဲတော်ရက်များတွင် "ယုန်ဘိုးဘိုးကို လက်ဆောင်ပေးခြင်း" ၊ "ယုန်ဘိုးဘိုးကို ဖိတ်ခေါ်ခြင်း"တို့သည်  ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်းနှင့် အစစအရာရာ အဆင်ပြေစေခြင်း ဟူသော အဓိပ္ပါယ်ဆောင်သည်။