၂၀၂၃ခုနှစ်သည် ငြိမ်းချမ်းရေးကို ပြန်လည်ရယူသည့် နှစ်တစ်နှစ် ဖြစ်ပါစေဟု ဂူတာရက်စ်ဆို

(GMT+08:00)2022-12-29 14:29:41  

 ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားခဲ့သည်။

ထိုသို့ မိန့်ခွန်းပြောကြားခဲ့ရာ ဂူတာရက်စ်က ၂၀၂၂ခုနှစ်အတွင်းတွင် ကမ္ဘာ့တစ်ဝှမ်းရှိ လူ သန်းပေါင်း ၁၀၀ တို့သည် စစ်ပွဲ၊ တောမီးများ၊ မိုးခေါင်ရေရှားမှု၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှု ရှောင်ရှားရန် ရွှေ့ပြောင်းနေထိုင်ခဲ့ကြကြောင်း၊ ၂၀၂၃ခုနှစ်တွင် မိမိတို့သည် ငြိမ်းချမ်းရေးကို အရင်ကထက် ပို၍ လိုအပ် ကြောင်း ပြောကြားသည်။

မိမိတို့အကြား ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်ပြီး ဆွေးနွေးမှုဖြင့် ပဋိပက္ခများ အဆုံးသတ်ရန်၊ သဘာဝနှင့်ရာသီဥတုနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ပိုမိုဖွံ့ဖြိုးနိုင်သော ကမ္ဘာကြီးကို တည်ဆောက်ရန်၊ မိသားစုထဲတွင် ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်ပြီး အမျိုးသမီး များနှင့် ကလေးမများ လုံခြုံသောပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာရှိစွာနှင့် နေထိုင်နိုင်စေရန်၊ လမ်းပေါ်နှင့် ရပ်ကွက်များတွင် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ပြီး အားလုံး၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးရန် ဂူတာရက်စ်က ပန်ကြားခဲ့သည်။