ကျွန်တော်တို့၏ကမ္ဘာကြီးတွင် ငတ်မွတ်ခေါင်းပါးမှုများနောက်ထပ်မရှိစေရေး

(GMT+08:00)2022-12-29 14:40:00  


ကမ္ဘာကြီးဘာဖြစ်နေသလဲ

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာကမ္ဘာကြီးလူဦးရေသည် သန်း ၈၀၀၀ အထိရှိလာပါပြီ။

သို့သော်လည်းလူဦးရေသန်း ၈၀၀၀ သည် လူတိုင်းဗိုက်ဝအောင် စားနိုင်ကြခြင်းမဟုတ်ပေ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်သည့် အချက်အလက်များအရလက်ရှိတွင် တစ်ကမ္ဘာလုံး၌ အလွန်အမင်းစားနပ်ရိက္ခာပြတ်လပ်သူလူဦးရေသည် လွန်ခဲ့သည့်နှစ်နှစ်ရှိ ၁၃၅ သန်းမှ  ၃၄၅ သန်းခန့်အထိအများအပြားတိုးတက်လာပြီးစုစုပေါင်း နိုင်ငံ ၈၂ နိုင်ငံပါဝင်ပါသည်။ ၂၀၂၂ ခုနှစ်တွင်ဖြစ်ပွားသည့် ရုရှား-ယူကရိန်းပဋိပက္ခနှင့် အမေရိကန်နှင့် အနောက်တိုင်းဘက်က ရုရှားအပေါ်အလွန်အမင်းဒဏ်ခတ်အရေးယူမှုကြောင့် တစ်ကမ္ဘာလုံးစားနပ်ရိက္ခာ Industry chain Supply chain ကိုတစ်ဆင့်တိုးထိုးနှက်လာပါသည်။ “Deglobalization” ရေစီးကြောင်းထိခိုက်မှုကြောင့် နိုင်ငံအများအပြားကတင်ပို့မှုကိုကန့်သတ်လာပြီး နိုင်ငံစားနပ်ရိက္ခာဈေးနှုန်းသည်လည်း မြင့်မားလာကာဝင်ငွေနည်းနိုင်ငံအများအပြားက “စားနပ်ရိက္ခာမဝယ်ယူနိုင်သည့်”အခက်အခဲတွင်းကျရောက်နေသည်။

ကျွန်ုပ်တို့ဘယ်လိုလုပ်ကြမလဲ

လူဦးရေပေါင်းသန်း ၁၄၀၀ ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံတွင် “စားနပ်ရိက္ခာသည် ပြည်သူများအသက်ရှင်နေထိုင်သည့်အရင်းခံဖြစ်သည်”ဟူသောရှေးဟောင်းဆိုရိုးစကားတစ်ခွန်းရှိသည်။ ၁၉၇၃ ခုနှစ်တွင် ယွမ်လုံဖိန်ကကိုယ်စားပြုသည့် တရုတ်စိုက်ပျိုးရေးသိပ္ပံသုတေသနလုပ်ငန်းဝန်ထမ်းများကစပ်မျိုးစပါးနည်းပညာအခက်အခဲကိုထိုးဖောက်နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ စပါးအထွက်နှုန်းအဆတိုးမြင့်တက်လာခဲ့သည်။ စပ်မျိုးစပါးကိုတရုတ်နိုင်ငံတွင် အများအပြားစိုက်ပျိုးလာသည်နှင့်အမျှ တရုတ်လူမျိုးတို့၏ ထမင်းစားသောပြဿနာကိုလည်းတစ်ဆင့်ချင်းဖြေရှင်းနိုင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံကတစ်ကမ္ဘာလုံးစားနပ်ရိက္ခာလုံခြုံရေးပြဿနာကိုဖြေရှင်းသည့် တရုတ်နိုင်ငံနည်းလမ်းကိုလည်းအဆိုပြုခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ကတစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်ကိုအဆိုပြုခဲ့ပြီးစားနပ်ရိက္ခာလုံခြုံမှုကိုအရေးပါပူးပေါင်းဆောင်ရွက်မှုကဏ္ဍကြီး ၈ ရပ်များအနက် တစ်ခုအဖြစ် ထားရှိကာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အားသစ်လောင်းပေးလိုက်သည်။

စစ်ပွဲလားငြိမ်းချမ်းရေးလား၊ပဋိပက္ခလားပူးပေါင်းဆောင်ရွက်ခြင်းလားဆိုသည်ကိုကမ္ဘာကြီးကနိုးကြားသတိရှိစွာရွေးချယ်မှုပြုလုပ်ရန်လိုအပ်နေခြင်း

၂၀၂၂ ခုနှစ် ဥရောပတိုက်။ စီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ရိုက်ခက်မှုများမပျောက်ပျက်သေးချိန်တွင် ရုရှား-ယူကရိန်းပဋိပက္ခ၏သေနတ်သံများကဤကောင်းကင်ယံကြီးကိုထပ်တဖန်အုံ့မှိုင်းသွားစေခဲ့သည်။

ရုရှားနှင့်ယူကရိန်းအကြားရန်လိုမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများထိုးတက်လာခဲ့သည်။ ထို့ပြင် ကပ်ရောဂါနှင့်ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကြောင့် လူဦးရေ ၃၄၅ သန်း၏အသက်နှင့်အသက်မွေးဝမ်းကြောင်းများ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရသည်။

တစ်နေ့တခြားပြင်းထန်လာသောအကျပ်အတည်းများကိုရင်ဆိုင်နေရချိန်၌ ကျွန်ုပ်တို့ဘယ်လိုလုပ်သင့်သလဲ။  အမေရိကန်ကနောက်တစ်ခုကိုရွေးချယ်လိုက်ပြီးယူကရိန်းသို့ လက်နက်များအဆက်မပြတ်ပေးပို့လိုက်သည်။ ရုရှား-ယူကရိန်းပဋိပက္ခစစ်မီးကြောင့် အမေရိကန်လက်နက်ပွဲစားကအကျိုးအမြတ်များစွာရရှိခဲ့ပါသည်။

အာရှတိုက်တွင် အမေရိကန်နိုင်ငံရေးသမား Nancy Pelosi သည် ပြည်တွင်းပြည်ပ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကိုမမှုဘဲတရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့သွားရောက်ခဲ့ပြီးအရှေ့အာရှအခြေအနေကို နှောင့်ယှက်ရန်ကြိုးပမ်းခဲ့သည်။

အမေရိကန်၊ဗြိတိန်နှင့်သြစတြေးလျတို့၏ “AUKUS မဟာမိတ်အဖွဲ့”သည် နျူကလီးယားရေငုပ်သင်္ဘော၏ အရိပ်အယောင်ကိုအာရှအရှေ့ပိုင်း၏ငြိမ်းချမ်းရေးပင်လယ်ထဲသို့ ဝင်ရောက်စေရန်ကြိုးပမ်းခဲ့သည်။

၎င်း၏ကိုယ်ပိုင်နည်းပညာအားသာချက်ကိုထိန်းသိမ်းထားရန်အတွက် အမေရိကန်သည်“ချစ်ပ်ပြားဥပဒေကြမ်း”ကိုပြောင်ပြောင်တင်းတင်းထုတ်ပြန်ခဲ့ပြီးတရုတ်နိုင်ငံသို့နည်းပညာမြင့်ရင်းနှီးမြှုပ်နှံမှုနှင့်တင်ပို့မှုများကို ကန့်သတ်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၏ Samsung ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာချစ်ပ်ပြားထုတ်လုပ်သူများကိုလည်း ၎င်းထံသို့ချစ်ပ်ပြားလုပ်ငန်း၏ပင်မဒေတာများပေးအပ်ရန်ပင်ဖိအားပေးခဲ့သည်။

သို့သော်လည်းတရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်ရှိငြိမ်းချမ်းရေးကိုမြတ်နိုးသော နိုင်ငံအများစုသည် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိုရွေးချယ်ကြပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်” (RCEP) တရားဝင် အသက်ဝင်လာမှုနှင့်အတူလွှမ်းခြုံမှုလူဦးရေပမာဏဖြစ်စေ၊ စီးပွားရေးစုစုပေါင်းပမာဏဖြစ်စေကမ္ဘာကြီး၏သုံးပုံတစ်ပုံရှိသောကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်ရေးဇုန်တစ်ခုပေါက်ဖွားလာခဲ့ပါသည်။

လွတ်လပ်သောကုန်သွယ်ရေးဇုန်အဖွဲ့ဝင် ၁၅ နိုင်ငံအကြားတွင် ကုန်သွယ်မှုများပိုမိုလွယ်ကူအဆင်ပြေလာပြီးလူသွားလူလာများပိုမိုနီးကပ်လာကြသည်။

နယ်စပ်အီးကောမာ့စ်ကုမ္ပဏီမှဝန်ထမ်းများကကွန်ပျူတာရှေ့မှာအလုပ်များနေကြပါသည်။ တရုတ်နိုင်ငံ နိုင်ငံဖြတ်ကျော် အီးကောမာ့စ်ကုမ္ပဏီများက RCEP ဈေးကွက်သို့ဝင်ရောက်ရန် အရှိန်အဟုန်မြှင့်ကြိုးပမ်းလျက်ရှိပါသည်။

အရှေ့တောင်အာရှမှ သစ်သီးဝလံများနှင့်ပင်လယ်စာများကိုတရုတ်နိုင်ငံကုန်းတွင်းပိုင်းတွင် နေထိုင်သူများ၏စားပွဲပေါ်သို့ တစ်နေ့တည်းအတွင်းအရောက်ပို့နိုင်လာပါသည်။

ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ကျင်းပခဲ့ရာအင်မတန်စည်ကားခဲ့ပြီးတစ်ကမ္ဘာလုံးမှထိပ်တန်းစက်ပစ္စည်းနှင့် ကုန်ပစ္စည်းများစွာကိုအဆိုပါပြပွဲတွင် ပြသခဲ့သည်။

5G ၊ ဒစ်ဂျစ်တယ်နည်းပညာစသည့် အဆင့်မြင့်သိပ္ပံနည်းပညာများဖွံ့ဖြိုးတိုးတက်နေခြင်းသည် နိုင်ငံအားလုံးအတူတကွဖွံ့ဖြိုးတိုးတက်မှုကိုအကောင်အထည်ဖော်နိုင်ရေးအတွက် အကန့်အသတ်မဲ့သောစိတ်ကူးစိတ်သန်းများကိုဖွင့်လှစ်ပေးထားပါသည်။

တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ် "အာဖရိကတိုက်ကုန်ပစ္စည်းများအီးကောမာ့စ်တွင် မိတ်ဆက်သည့်ရာသီ" ၌ အာဖရိကတိုက်စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။

ရဝမ်ဒါကော်ဖီစိုက်တောင်သူများသည် တရုတ်အီးကောမာ့စ်လိုက်ဖ်လွှင့်ခန်းတွင် ကော်ဖီ ၁၅၀၀ ကီလိုဂရမ် တစ်ခဏအတွင်းရောင်းကုန်သွားသည်ကိုတွေ့မြင်ရသဖြင့် ပျော်ရွှင်နေကြသည်။

အာဖရိကတိုက်မှ ပညာတော်သင် ကျောင်းသားကျောင်းသူများကတရုတ်နိုင်ငံသို့လာရောက်ပြီးအီးကောမာ့စ်ကိုလာရောက်သင်ယူကာမိမိ၏ အီးကောမာ့စ် စီးပွားရေးစတင်လုပ်ကိုင်သည့် အတွေ့အကြုံများကိုပိုများသည့် အာဖရိကတိုက်မှ စီးပွားရေးလုပ်ကိုင်သူများနှင့် မျှဝေပေးရန် မျှော်လင့်ပါသည်။

တံခါးဖွင့်လှစ်မှု၊ပူးပေါင်းဆောင်ရွက်မှုနှင့်အားလုံးပါဝင်မှုသည် နောက်ပြန်ဆုတ်၍မရသောခေတ်ရေစီးကြောင်းဖြစ်လာပါသည်။

လူတို့သည် ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့်အငြင်းပွားမှုများကိုဖြေရှင်းပြီး ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွင်းအကျိုးတူဖြစ်ထွန်းမှုကိုအကောင်အထည်ဖော်ဆောင်ရန် လိုအပ်သည်။

အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ခြင်းသည် မိမိတို့၏ဘုံရည်မှန်းချက်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကျိုးတူပူးပေါင်းဆောင်ရွက်သည့်ပုံပြင်သည် ရှေ့ဆက်နေမည်သာဖြစ်ပေသည်။