ယူကရိန်းကို ပြင်းထန်သော နစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဟု ရုရှားဆို၊ ရုရှားမှ ထိုးစစ်ဆင်မှုများကို တွန်းလှန်တိုက်ဖျက်သည်ဟု ယူကရိန်း ဆို

(GMT+08:00)2022-12-29 14:25:07  

ရုရှား Spuntnik သတင်းဌာနမှ ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်း ဖေါ်ပြချက်အရ၊ ရုရှားပြည်ထောင်စု ချီချင် သမ္မတနိုင်ငံ ခေါင်းဆောင် ရမ်ဇန် ကာဒ်ရော့ဗ်က စစ်နယ်များ၌ ယူကရိန်းတပ်ဖွဲ့၏ နစ်နာဆုံးရှုံးမှုများ ပြင်းထန်ကြောင်း၊ ယူကရိန်း စစ်ဦးစီးဌာနသည် လေ့ကျင့်မှု မခံရဖူးသော စစ်သားသစ်များဖြင့် စစ်အင်အားကို ဖြည့်စွက်ရန် စီစဉ် နေကြောင်း ၄င်း၏ တွစ်တာ၌ ဖေါ်ပြခဲ့သည်။

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်က လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်များသည် လူကန်စီဂ်ဒေသရှိ အခြေစိုက်စခန်း ၈ ခုနှင့် တွန်တယ်ဆီဂ် ဒေသရှိ အခြေစိုက်စခန်း ၆ ခုတွင် ရုရှားမှ ထိုးစစ်ဆင်မှုများကို တွန်းလှန်တိုက်ဖျက် နိုင်ခဲ့ကြောင်း ၂၇ ရက်နေ့က ပြောကြားခဲ့သည်။