ရှီကျင့်ဖိန်နှင့် ဘီနင် သမ္မတ တာလွန်တို့သည် တရုတ်နှင့် ဘီနင် သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-12-29 14:26:43  

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘီနင်နိုင်ငံ သမ္မတ တာလွန်တို့သည် တရုတ်နှင့် ဘီနင် သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် တရုတ်နှင့် ဘီနင် ဆက်ဆံမှုသည် အရှိန် ကောင်းမွန်စွာ တိုးတက်လာပြီး နှစ်ဖက်အကြား နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှု ရလဒ် များပြားကာ နှစ်နိုင်ငံ ပြည်သူများအတွက် ထိရောက်သော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးလာကြောင်း၊ မိမိသည် တရုတ်နှင့် ဘီနင် ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ တာလွန်နှင့်အတူ Belt and Road တည်ဆောက်ရေးနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ မူဘောင် အတွင်း နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးပြီး နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်ကဏ္ဍသစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုပါကြောင်း ဖေါ်ပြထားပါသည်။

   တာလွန်က ဘီနင်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာ ခိုင်ခံ့ပြီး ပိုမို ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်မည်ဟု မိမိ ယုံကြည်ကြောင်း ဖေါ်ပြပါရှိသည်။