တရုတ်နိုင်ငံသည် လက်တွေ့အခြေအနေအရ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး မူဝါဒကို စီမံ ချိန်ညှိခြင်း ဖြစ်သည်

(GMT+08:00)2022-12-28 14:04:58  

ယခုလ ၂၆ ရက်နေ့ ညတွင် တရုတ်အစိုးရသည် ကြေညာစာတမ်း ထုတ်ပြန်ပြီး “ကိုဗစ်-၁၉ ဗိုင်းရပ်စ် အဆုတ်ရောင်နာ”ကို “ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း” အဖြစ် အမည် ပြောင်းလဲပြီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ စ၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကူးစက်ရောဂါ ကာကွယ် ကုသရေး ဥပဒေအရ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း “B အမျိုးအစားကို Aအမျိုးအစားအရ ထိန်းချုပ်ကာကွယ်ခြင်း”မှ “B အမျိုးအစားကို B အမျိုးအစားအရ ထိန်းချုပ်ကာကွယ်ခြင်း”အဖြစ် ပြောင်းလဲ ချိန်ညှိကြောင်းလည်း ကြေညာပါသည်။ ယင်းနေ့မှစပြီး တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများအား သီးသန့်ထား ကွာရန်တင်းခြင်း၊ ကိုဗစ် ရောဂါသည်နှင့် နီးကပ်စွာ ထိတွေ့သူ အဖြစ် အကဲဖြတ်ခြင်း၊ ကူးစက်ရောဂါ ဖြစ်နိုင်ရန် အန္တရာယ် များသည့်ဒေသနှင့် အန္တရာယ် နည်းသည့်ဒေသ အဖြစ် အကဲဖြတ်ခြင်း၊ ပြည်ဝင်သူများနှင့် ကုန်စည်များအတွက် ကူးစက်ရောဂါဆိုင်ရာ စီမံဆောင်ရွက်ခြင်းတို့ကို မပြုလုပ်တော့ကြောင်း သိရပါသည်။

ယင်းသည် တရုတ်နိုင်ငံက ကိုဗစ်ဗိုင်းရပ်စ်၏ ဗီဇမျိုးပြောင်းမှု လက်တွေ့အခြေအနေ၊ ကပ်ရောဂါ အခြေအနေနှင့် ထိန်းချုပ်ကာကွယ်မှု အတွေ့အကြုံများကို ဘက်စုံ သုံးသပ် လေ့လာ အကဲဖြတ်ပြီးနောက်၊ အဖြစ်မှန်အတိုင်း ဆောင်ရွက်ရေးနှင့် ကပ်ရောဂါကို သိပံ္ပနည်းကျကျ တိကျထိမိစွာ ထိန်းချုပ်ကာကွယ်ရေးကို အခြေခံမူတည်ပြီး မူဝါဒများကို ပိုမို ပြည့်စုံကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းပင် ဖြစ်ပါသည်။

မျက်မှောက်အချိန်တွင် နိုင်ငံတကာ ဆေးပညာ သိပံ္ပပညာ လောကများတွင် အော်မီကရွန် မျိုးရိုးဗီဇပြောင်း၏ ရောဂါဖြစ်စေနိုင်နှုန်း အားနည်းလာပြီး လူအနည်းစုသာ အဆုတ်ရောင်နာ ဖြစ်စေနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြသည်။ တရုတ်နိုင်ငံက “ကိုဗစ်-၁၉ ဗိုင်းရပ်စ် အဆုတ်ရောင်နာ”ကို “ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း” အဖြစ် အမည် ပြောင်းလဲခြင်းသည် လက်ရှိ ကိုဗစ်ရောဂါ၏ ရောဂါလက္ခဏာနှင့် အန္တရာယ် ဖြစ်နိုင်‌ခြေ အခြေအနေနှင့် ပိုမို ကိုက်ညီပြီး၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း  “B အမျိုးအစားကို B အမျိုးအစားအရ ထိန်းချုပ်ကာကွယ်ခြင်း”အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းသည်လည်း မျက်မှောက် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လက်တွေ့ အခြေအနေနှင့် ပိုမို ကိုက်ညီသည်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။