Long March-4 စီးရီး သယ်ဆောင်ဒုံးပျံများသည် ၂၀၂၂ ခုနှစ်က လွှတ်တင်ရေးတာဝန် ၁၁ ခုလုံးကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်

(GMT+08:00)2022-12-28 14:06:10  


ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် Long March 4B သယ်ဆောင်ဒုံးပျံကို ထိုက်ယွမ် ဂြိုဟ်တု လွှတ်တင် ရေးစင်တာတွင် Gaofen 11-04 ဂြိုဟ်တုအား ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ အဆိုပါ လွှတ်တင်ရေးတာဝန်သည် ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့သည်။

ယခုအကြိမ်လွှတ်တင်မှုသည် Long March-4 စီးရီး သယ်ဆောင်ဒုံးပျံများ၏ ၉၆ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သလို Long March စီးရီး ဒုံးပျံများ၏ ၄၅၇ ကြိမ်မြောက် လွှတ်တင်ခြင်းလည်းဖြစ်သည်။ ယခုအချိန်အထိ Long March -4 သယ်ဆောင်ဒုံးပျံသည် ၂၀၂၂ ခုနှစ်က လွှတ်တင်ရေးတာဝန် ၁၁ ခု ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။