ရာသီဥတု အေးလေ ပန်ဒါဝက်ဝံများ ပျော်လေ

(GMT+08:00)2022-12-28 14:11:16  

        မကြာခင်ရက်များက တရုတ် ရှန်ရှီးပြည်နယ်ရှိ ပန်ဒါဝက်ဝံ သုတေသနဌာနတွင် ဆီးနှင်းကျပြီး ကမ္ဘာ့ တစ်ကောင်တည်းသော ခြံခတ်မွေးမြူသော အညိုရောင် ပန်ဒါဝက်ဝံ Qi Zai နှင့် ၄င်း၏ သူငယ်ချင်းများသည် ဆီးနှင်းထဲတွင် ပျော်ရွှင်စွာ ကစားကြသည်။ ပန်ဒါဝက်ဝံသည် သဘာဝအတိုင်း အပူကြောက်သော်လည်း အအေးခံနိုင်ရည်ရှိသည်။ အေးလွန်းသော ဆောင်းရာသီသည် ၄င်းတို့အတွက် ပျော်စရာအကောင်းဆုံးရာသီပင်ဖြစ်သည်။