ရုရှားရေနံအပေါ် အနောက်နိုင်ငံများ၏ ဈေးနှုန်းကန့်သတ်ချက်အား တုံ့ပြန်ဆောင်ရွက်သည့်အနေနှင့် ပူတင် သမ္မတ အမိန့် ချမှတ်

(GMT+08:00)2022-12-28 14:09:41  

ရုရှားသမ္မတပူတင်သည် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ရာ ရုရှားရေနံအပေါ် အနောက်နိုင်ငံများ၏ ဈေးနှုန်းကန့်သတ်ချက်အား တုံ့ပြန်ဆောင်ရွက်ကြောင်း ကရင်မလင်နန်းတော်မှ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ သတင်းအရ သိရပါသည်။

        ယင်း သမ္မတအမိန့်အရ ဝယ်ယူမှုစာချုပ်တွင် တိုက်ရိုက်နှင့် တိုက်ရိုက်မဟုတ်သော ဈေးနှုန်းကန့်သတ်ချက်ရှိလျှင် နိုင်ငံခြား ပုဂ္ဂိုလ်အား ရုရှားရေနံနှင့် ရေနံထွက်ကုန်များ ရောင်းချမှုကို ပိတ်ပင်မည်ဖြစ်သည်။ ယင်းသမ္မတအမိန့်သည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ဇူလိုင်လ ၁ ရက်နေ့အထိ အာဏာတည်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။