တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဆွေးနွေးပွဲကို ဦးစီးကျင်းပပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2022-12-28 16:44:29  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် ဆွေးနွေးပွဲကို ဦးစီးကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် တရုတ်နိုင်ငံအား အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီ နိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရန်နှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် ကြီးမြတ်သည့် စီမံကိန်းကို ချမှတ် ခဲ့ပြီး ခေတ်သစ် ခရီးစဉ်သစ်တွင် ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာ ချမှတ်ခဲ့ကြောင်း၊ အကြိမ် (၂၀) မြောက် ပါတီညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို အကောင်အထည်ဖေါ်ဆောင်ပေးခြင်းသည် မျက်မှောက်နှင့် လာမည့် အချိန်ပိုင်းတစ်ပိုင်းအတွင်း ပါတီတစ်ရပ်လုံး၏ အရေးအကြီးဆုံး နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ ရဲဘော်များသည် အကြိမ် (၂၀)မြောက် ပါတီညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံ လေ့လာခြင်း၊ ဘက်စုံ နားလည်သိရှိခြင်း၊ ဘက်စုံ ဖေါ်ဆောင်ခြင်း စသည့် နယ်ပယ်များတွင် ကိုယ်တိုင်ကိုယ်ကြပ် စံပြအဖြစ် လုပ်ပြပြီး ပြည်သူများ မျှော်လင့်ထားသည့်အတိုင်း တာဝန်ကျေပွန်ပြီး ကောင်းမွန်စွာ ရှေ့ဆောင်ရှေ့ရွက် ပြုရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။