၂၀၂၂ ခုနှစ်အတွင်း အမေရိကန်တွင် သေနတ်နှင့် ပတ်သက်သော ဖြစ်ရပ်များကြောင့် အရွယ်မရောက်သေးသူ ၆၀၀၀ ကျော် သေကျေဒဏ်ရာရ

(GMT+08:00)2022-12-28 14:08:43  

   အမေရိကန် Gun Violence Archives ဝက်ဘ်ဆိုက်မှ နောက်ဆုံးစာရင်း ကောက်ယူချက်အရ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ၊ ၂၀၂၂ ခုနှစ် အတွင်း အမေရိကန်တွင် သေနတ်နှင့် ပတ်သက်သည့် ဖြစ်ရပ်များကြောင့် အသက် ၁၇ နှစ်အောက် အရွယ်မရောက်သေးသူ ၆၀၂၁ ဦး သေကျေဒဏ်ရာရရှိခဲ့ကြောင်း  သတင်းအရသိရသည်။

၂၀၂၂ ခုနှစ်တွင် သေနတ်နှင့် ပတ်သက်သည့် ဖြစ်ရပ်များကြောင့် သေဆုံးခဲ့ရသော အရွယ် မရောက်သေးသူ ၁၆၂၉ ဦးအနက် အသက် ၁၁ နှစ်အောက် ကလေး ၃၀၆ ဦး ရှိကြောင်း စာရင်း ကောက်ယူချက်အရ သိရသည်။